fbpx
How-to, Tips & Tricks

Myanmar Wave Account ဖွင့်နည်း

Less than a minute to read
Myanmar Wave Account ဖွင့်ပြီးသွားပါ သင့်အနေဖြင့် အနယ်နယ်အရပ်ရပ် နှင့် နိုင်ငံတကာမှ သင်ကြားပို့ချနေသော သင်ခန်းစာများကို အခမဲ့လေ့လာခွင့်ရမှာဖြစ်ပါတယ်။ ထိုအပြင် Myanmar Wave ၏ Social Learning Community တွင်လည်းဝင်ရောက်ဆွေးနွေးပြီး ပညာရှာဖွေနိုင်မှာဖြစ်ပါသည်။ Account ဖွင့်ဖို့အတွက် အောက်ပါအဆင့်အတိုင်း အဆင့်ဆင့်ဆောင်ရွက်ပြီး Account ဖွင့်နိုင်မှာဖြစ်ပါတယ်။
၁ – Account ဖွင့်ဖို့အတွက် www.wordpress-796298-2740807.cloudwaysapps.com/register ကိုသွားလိုက်ပါ။
၂ – Email နေရာတွင် သင်အသုံးပြုနေသော Email Address ကိုရိုက်ထဲ့လိုက်ပါ
၃ – Password နေရာတွင် သင်အသုံးပြုလိုသော Password အားရိုက်ထဲ့လိုက်ပါ
၄ – Nickname နေရာတွင် သင်အသုံးပြုလိုသော Nickname (သို့) သင့်နာမည်အား ရိုက်ထဲ့လိုက်ပါ
၅ – Gender နေရာတွင် အမျိုးသားဖြစ်ပါက Male၊ အမျိုးသမီးဖြစ်ပါက Female၊ မပြောလိုပါက Prefer Not to Answer ကိုရွေးလိုက်ပါ
အထက်ပါအချက် 5 ချက်အားလုပ်ဆောင်ပြီးသွားပါက Create Account ကိုရွေးလိုက်ပါ။ Account ဖွင့်ပြီးသွားပြီဖြစ်ပါသည်။ Registration လုပ်ရာတွင် အောက်တွင်ပြထားသော ပုံပါအတိုင်း တွေ့ရမည်ဖြစ်ပါသည်။

နောက်ဆုံးအဆင့်

Myanmar Wave မှသင်အပေါ်တွင် ရိုက်ထဲ့ထားသော Email သို့ Activation Link ပို့ပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ Email အား Login ဝင်ပြီး Myanmar Wave မှပို့ထားသော Account Activation Email အားဖွင့်ပြီး ထို Email ထဲတွင်ပါသော် Link အားနှိပ်လိုက်ပါ။ Myanmar Wave website သို့ပြန်ရောက်လာမှာဖြစ်ပြီး Activate Account အားနှိပ်လိုက်ပါက သင့် Account အားစတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Myanmar Wave မှ Admin များအနေဖြင့်တစ်ရက်တစ်ကြိမ် Account များကို Manually Activate လုပ်ပေးပါသည်။ နောက်ဆုံးအဆင့်အား သင်မှမလုပ်တတ်ပါက 24 နာရီစောင့်ပြီးပါက သင့်ရဲ့ Account အားအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့မဟုတ် Myanmar Wave ရုံးအား ရုံးချိန်အတွင်းတွင် ဆက်သွယ်ပြီး စုံစမ်းနိုင်မှာဖြစ်ပါတယ်။